ပေါ်ပြူလာ သတင်းဂျာနယ် ရဲ့ စာအုပ်လွင်ပြင်က ညွှန်းတဲ့ Building Automation Systems စာအုပ်ပါ။
HVAC Controls and Building Automation Systems by Kaung Htat Nyunt |
||
1.8Mb (36 Pages) |
25 June 2013 |
|
1.9Mb (23 Pages) |
25 June 2013 |
|
3.6Mb (47 Pages) |
25 June 2013 |
|
4.5Mb (45 Pages) |
25 June 2013 |
|
1.8Mb (16 Pages) |
25 June 2013 |
|
1.0 Mb (25 Pages) |
25 June 2013 |
|
5.2Mb (40 Pages) |
25 June 2013 |
|
2.2Mb (23 Pages) |
25 June 2013 |
|
1.5 Mb (25 Pages) |
25 June 2013 |
|
1.8 Mb (25 Pages) |
25 June 2013 |
|
2.0 Mb (25 Pages) |
25 June 2013 |
|
Chapter 12 Integrated Building Management System (IBMS) | 1.42 Mb (10 Pages) | 25 June 2013 |
2.42 Mb (33 Pages) |
25 June 2013 |
ကိုအောင်ကြီး(ဇော်လွင်မျိုး) ၏ ခံစားမျှဝေထားသည်။
ကျနော်တို့တွေသည် စိတ်ရဲ့ခံစားမူပေါင်း များစွာအတွက် ရသစာပေ ၊ ကဗျာ ၊ ပန်းချီ အစရှိသည်ဖြင့် ကိုယ်လက်လှမ်းမှီရာကို ဖတ်ရူ့ ခံစားနေကြသည်။ ထို့အတူ ပြင်ပလူနေမှုဘဝ လူမူဝန်းကျင်၌ ကျနော်တို့ နေ့စဉ်ထိတွေ့နေရသည့် အရာများ၏ အရေးပါမူကိုမူ သတိမပြုမိတတ်ကြပေ။ ကျနော်တို့တွေ နေထိုင်ဖို့အတွက် အမိုးအကာ နေအိမ် ၊ ရုံးခန်း ၊ စက်ရုံ အလုပ်ရုံ ၊ ဟိုတယ် အစရှိသည်ဖြင့် နေ့စဉ်ထိတွေ့နေရသည့် အရာများ၌ အပူအအေး မျှတမှု မမျူတမှု တွေ အပေါ်မှုတည်ပြီး သက်သောင့်သက်သာရှိမူ မရှိမူ ဟူ၍ တစ်နေ့တာကို ကုန်ဆုံးစေခဲ့ကြသည်။ ယနေ့အချိန်ကာလတွေသည် အရိပ်ကောင်းကောင်းရရုံမျှဖြင့် သက်သောင့်သက်သာဖြစ့်မူကို ပေးစွမ်းနိုင်အား လျှော့နည်းလာလင့်ကား ထိုသက်သောင့်သက်သာရှိမူအား ခေတ်မှီ နည်းပညာများဖြင့် ဖန်တီးရယူကြလေသည်။ ကျနော်တို့ ခန္ဓာကိုယ်ပင်လျှင် အပူအအေးမျှတပြီး ကောင်းမွန်သော လေလည်ပတ်မူ ရရှိမှသာ ဖျားနာခြင်း ၊ လေးလံထိုင်းမိုင်းခြင်း များမှ ကင်းဝေးပြီး ခန္ဓာကိုယ်စွမ်းအင်အား ထိန်းထားနိုင်ပေမည်။
မြန်မာ့စာပေလောက၌ ထိုထိုမြန်မာပြန်ဆိုထားသော ပညာရပ်ဆိုင်ရာ(သုတ)စာပေ များစွာ ရှိလေသည်။ ၄င်းတို့အနက်မှ ဆရာကောင်းထက်ညွှန့်၏ AIRCOMPRESSORS AND COMPRESSED AIR SYSTEMS ၊ AIR CONDITIONING AND MECHANICAL VENTILATION (VOLUME-1) ၊ HVAC CONTROLS AND BUILDING AUTOMATION SYSTEMS စာအုပ်များမှာ အရိုးရှင်းဆုံးသော မြန်မာစကားပြေ ၊ သရုပ်ပြပုံပေါ်င်းများစွာ ၊ အဓိပ္ပာယ်ရှင်းလင်းချက်ပေါ်င်းများစွာ တို့ဖြင့် မြန်မာလူငယ် ENGINEER များသာမက လေ့လာလိုက်စားသူများ အတွက်ပါ ရှင်းလင်းစွာ နားလည်လွယ်စေမည့် စာအုပ်များပင်ဖြစ်သည်။
“အရာအားလုံးသည် ကဗျာ ဖြစ်သည်” ဟု ဖတ်မှတ်ရဖူး၏။ သို့ဖြစ်ပါလျှင် ကျနော်တို့ နေထိုင်ရာဝန်းကျင်၏ သက်သောင့်သက်သာ ရှိမူသည်လည်းပဲ ကဗျာ ဟုပင် ဆိုရပါတော့မည်။ ထို သက်သောင့်သက်သာရှိမူအား ဖော်ဆောင်ထားသော စက်ပိုင်းဆိုင်ရာများမှာ ကဗျာ စာသားများပင် ဖြစ်လေတော့သည်။
လေးစားစွာဖြင့်
အောင်ကြီး(ဇော်လွင်မျိုး)
aunglina6@gmail.com