ကမ္ဘာ့အမြင့်ဆုံး ပျံသန်းနိုင်တဲ့စက္ကူလေယာဉ် စံချိန်သစ်တင်

နောက်ဆုံးပေါ်နည်းပညာသတင်းများ၊ အင်ဂျင်နီယာရင်း သတင်းများ။

ကမ္ဘာ့အမြင့်ဆုံး ပျံသန်းနိုင်တဲ့စက္ကူလေယာဉ် စံချိန်သစ်တင်

Postby acmv » Sun Oct 12, 2014 3:28 pm

Yangon Media Group

အမေရိကန်ပညာရှင်များ၏ ကမ္ဘာ့အမြင့်ဆုံး
ပျံသန်းနိုင်တဲ့စက္ကူလေယာဉ် စံချိန်သစ်တင်
=========================================
Image

စက္ကူနဲ့ပြုလုပ်ထားတဲ့ လေယာဉ်လေးတွေဆိုတာက ဒီနေ့ခေတ် စာသင်ခန်းလို နေရာတွေမှာတောင်မှ ကလေးငယ်တွေ ပြုလုပ်ဆော့ကစားနေတာကို တွေ့နိုင်မှာဖြစ်ပြီး အခုတော့ အဆိုပါစက္ကူလေယာဉ်လေးတွေကို သေချာစိစစ်ဖန်တီးပြီး အမြင့်ဆုံး ပျံသန်း နိုင်အောင် လုပ်ဆောင်ကာ ကမ္ဘာ့စံချိန်သစ်တစ်ခုကို မှတ်တမ်းတင်လိုက်နိုင်တဲ့သတင်း တစ်ခုတွေ့ရပါတယ်။

အမေရိကန်အခြေစိုက် US Air Force ရဲ့ တီထွင်သူပညာရှင်တွေ ပူးပေါင်းပြီး ဖန်တီးထုတ်လုပ်ခဲ့တဲ့ အဆိုပါစက္ကူလေယာဉ်ပျံဟာဆိုရင် အရင်က အမြင့်ဆုံး ပျံသန်းနိုင်မှု အမြင့်ပေ ၉၆၅၆၃ပေကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်အောင် ရည်ရွယ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုထုတ်လုပ်ဖန်တီးထားတဲ့ စက္ကူလေယာဉ်ကို ပျံသန်းစေတဲ့ အခါမှာတော့ ကြာမြင့်ချိန် နှစ်နာရီနဲ့ ခုနစ်မိနစ်ကြာအောင် ပျံသန်းနိုင်ခဲ့တာ တွေ့ရသလို အီလီနွိုက်ပြည်နယ်ကနေ စတင်ပျံသန်း စေရာကနေ အင်ဒီယားနားပြည်နယ် ထိအောင် ခရီးမိုင် ၈၂မိုင် ရောက် ရှိခဲ့တာလည်း တွေ့ရပါတယ်။

ဒီလေယာဉ်ပျံဟာ ပုံမှန်လေယာဉ်တစ်စီးရဲ့ တည်ဆောက်မှု ပုံစံကိုပဲ ရယူဖန်တီးထားတာဖြစ်ပြီး စက္ကူသားကိုပဲ ဦးစားပေး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ လေယာဉ်ရဲ့အရှည်က လက်မ ၃ဝရှိမှာ ဖြစ်ပြီး တောင်ပံတွေက ၁၄.၅ လက်မနဲ့ လေယာဉ်ရဲ့ အလေးချိန်ကတော့ ၄၂၄ဂရမ် ရှိပါတယ်။

ဒီလေယာဉ် မှာ GPS စနစ်ကို ထည့်သွင်းတပ်ဆင်ထားပြီး ပျံသန်းမှုလမ်းကြောင်းကို ခြေရာခံနိုင်သလို ပျံသန်းမှု ခရီးစဉ်ကို မှတ်တမ်းတင်နိုင်အောင် HD Cam တစ်လုံးနဲ့ Solar စနစ်ကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

LH(IA)

‪#‎Democracytoday‬
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to နောက်ဆုံးပေါ်နည်းပညာသတင်းများ News about Technology, High Tech, Advanced Tech

Who is online

Users browsing this forum: No registered users and 1 guest

cron