နျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ရန် မလေးရှား စီစ

အနုမြူစွမ်းအင် - Nuclear Power

နျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ရန် မလေးရှား စီစ

Postby http://www.news-eleven.com » Thu Jan 13, 2011 10:05 pm

နျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ရန် မလေးရှား စီစဉ်

နိုင်ငံတွင်း စွမ်းအင်လိုအပ်ချက် မြင့်မားလာမှုကို ဖြည့်ဆည်းရန်အတွက် မလေးရှားနိုင်ငံက ၂၀၂၂ နှစ်မတိုင်မီ နျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်ရုံကို တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

မလေးရှား စွမ်းအင်ဝန်ကြီး ပီတာချင်းက အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံ၏ ပထမဆုံးသော နျူကလီးယား ဓာတ်အားပေး စက်ရုံအား ၂၀၂၁ ခုနှစ်တွင် စတင် တည်ဆောက်ရန် သဘောတူညီချက် ရရှိပြီ ဖြစ်ကြောင်း မေလအတွင်းက အစိုးရသတင်းဌာန သို့ ပြောကြားခဲ့သည်။

''၂၀၁၃ ခုနှစ်၊ ဒါမှမဟုတ် ၂၀၁၄ ခုနှစ်လောက်မှာတော့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေမှာ လိုအပ်ပစ္စည်းတွေအတွက် ပြင်ဆင်ပြီး ဖြစ်ပါလိမ့်မယ်''ဟု ပီတာချင်းက ဘာနားမား သတင်းဌာနသို့ ပြောကြားခဲ့သည်
မလေးရှားနိုင်ငံ အနေဖြင့် ယခုအခါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် တွင်းထွက် လောင်စာများကို များစွာ အားထားနေရကြောင်း၊ လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ၆၄ ရာခိုင်နှုန်းအား
သဘာဝဓာတ်ငွေ့နှင့် ကျန်ပမာဏကို ကျောက်မီးသွေးတို့မှ ထုတ်ယူနေရကြောင်း ပီတာချင်းက ပြောကြားခဲ့သည်။

''ကမ္ဘာ့နိုင်ငံ အတော်များများမှာ လျှပ်စစ်ဓာတ်အား လုံလောက်မှု ရရှိအောင် ဆောင်ရွက်နေချိန်မှာ ကျွန်တော်တို့ အနေနဲ့ တွင်းထွက်လောင်စာ အပေါ်မှာ အများအပြား မှီခိုမှုကို လျော့ချသွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မလေးရှား အစိုးရ အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူမှုတွင် အခြား နည်းလမ်းများ ဖြစ်သည့် နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်၊ လေအားလျှပ်စစ် တို့ဖြင့် အစားထိုးရန် မစဉ်းစားဘဲ နျူကလီးယား စွမ်းအင်အား
စဉ်းစားနေမှုနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ဝေဖန်မှုများလည်း ပြုလုပ်နေရာ ယင်းပြန်လည်ပြည့်ဖြိုး စွမ်းအင်များသည် အကန့်အသတ်ဖြင့်သာ သုံးစွဲ၍ ဖြစ်နိုင်ကြောင်း ပီတာချင်းက ပြန်လည် ပြောကြားခဲ့သည်။
http://www.news-eleven.com
 

Return to အနုမြူစွမ်းအင်- Nuclear Power

Who is online

Users browsing this forum: No registered users and 1 guest

cron