တရုတ်တွင် လေထုညစ်ညမ်းမှုကြောင့် ဆေးရုံတက်ရသူ များပြားလာ

လေထုညစ်ညမ်းမှုများ

တရုတ်တွင် လေထုညစ်ညမ်းမှုကြောင့် ဆေးရုံတက်ရသူ များပြားလာ

Postby acmv » Tue Feb 05, 2013 7:50 pm

တရုတ်တွင် လေထုညစ်ညမ်းမှုကြောင့် ဆေးရုံတက်ရသူ များပြားလာ
Sunday, 03 February 2013
Image
တရုတ်တွင် လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါဖြစ်ပွားမှုများအတွက် ဆေးရုံတက်ရောက်ရသူ များပြားလာသည်ဟု
ပေကျင်းရှိ ဆရာဝန်များက ဇန်န၀ါရီ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

အမေရိကန် သံရုံး၏ လေထုအရည်အသွေး တိုင်းတာမှု အညွှန်းကိန်းတွင် ဇန်န၀ါရီ ၃၁ ရက်နေ့၌ ပေကျင်း၏ လေထုအရည်အသွေးသည် ၂၃၃ ရှိသည်ဟု ဖော်ပြခဲ့သဖြင့် ကျန်းမာရေးနှင့် အလွန်အမင်း ညီညွတ်မှု မရှိဟု ဖော်ပြနေကြောင်း သိရသည်။

ပေကျင်းရှိ ဆေးရုံများစွာတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ
များကြောင့် ဆေးရုံတက်ခဲ့ရသည့် လူနာအရေအတွက်သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ၂၀ ရာခိုင်နှုန်းထိ မြင့်တက်လာသည်ဟု Beijing Morning Post သတင်းစာတွင် ဖော်ပြခဲ့သည်။ ပေကျင်း ကလေးဆေးရုံတွင် ကုသမှုခံယူခဲ့ရသည့် လူနာ ထက်ဝက်ခန့်သည် ပြင်းထန်သည့် အသက်ရှူ
လမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုကို ခံစားနေရသည်ဟု သိရသည်။

ပေကျင်းတွင် ပြီးခဲ့သည့် လအတွင်း လေထုညစ်ညမ်းမှု ဆိုးရွားစွာ
ဖြစ်ပွားခဲ့ပြီး သယ်ယူပို့ဆောင်ရေးများတွင် အဟန့်အတား ဖြစ်ခဲ့ရသည်။
ကျောက်မီးသွေး လောင်ကျွမ်းမှုနှင့် ပေကျင်းရှိ ပိတ်ဆို့နေသော လမ်းများပေါ်ရှိ မော်တော်ယာဉ်များထံမှ ထွက်ရှိသည့် မီးခိုးများကြောင့် ပေကျင်းတွင် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့ရသည်။

မီးခိုးမြူ ထူထပ်စွာ ကျဆင်းမှုကို လျှော့ချရန်အတွက် လမ်းမများပေါ်ရှိ အစိုးရယာဉ်များကို ဖယ်ရှားပြီး စက်ရုံများကို ပိတ်ပစ်ရန် အရေးပေါ်
ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကျွမ်းကျင် ပညာရှင်များကမူ ယင်းပြဿနာကို ဖြေရှင်းရန်အတွက် အခြေခံကျသော ထိန်းချုပ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။


ဓာတ်ပုံ - တရုတ်အရှေ့မြောက်ပိုင်း၊ ကျီလင်ပြည်နယ်တွင် မီးခိုးမြူ အုံ့ဆိုင်းနေမှုကို ဇန်န၀ါရီလ ၂၉ ရက်က တွေ့ရစဉ်

Ref:AFP
Eleven Media Group
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to လေထုညစ်ညမ်းမှုများ

Who is online

Users browsing this forum: No registered users and 1 guest

cron