အမှိုက်ပုံများတွင် အမှိုက်နှင့် တိရစ္ဆာန်အသေများကို ခွဲခြားစွန်

လေထုညစ်ညမ်းမှုများ

အမှိုက်ပုံများတွင် အမှိုက်နှင့် တိရစ္ဆာန်အသေများကို ခွဲခြားစွန်

Postby acmv » Sun Jul 17, 2011 8:13 pm

အမှိုက်ပုံများတွင် အမှိုက်နှင့် တိရစ္ဆာန်အသေများကို ခွဲခြားစွန့်ပစ်သင့်
ရန်ကုန်၊ ဇန်နဝါရီ ၂၁၊
http://www.ecovisionjournal.com
Image

သဘာဝပတ်ဝန်း ကျင်နှင့် ကျန်းမာရေးကို ကာကွယ်ရန် အမှိုက်ပုံများ တွင် အမှိုက်များနှင့် တိရစ္ဆာန်အသေများကို ခွဲ ခြားစွန့်ပစ်သင့် ကြောင်း ကျန်းမာရေးဆိုင်ရာ အသိ ပညာပေးလုပ်ဆောင်နေ သည့် အန်ဂျီအိုအသိုက်အ ဝန်းမှ သိရသည်။ အမှိုက်စွန့်ပစ်ရင် ရိုး ရိုးအမှိုက်နဲ့ တိရစ္ဆာန်အသေ ကို ခွဲခြားစွန့်ပစ်သင့်ပါ တယ်။ ဒီလိုမဟုတ်ရင် အ မှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ တိရစ္ဆာန်က နေဒဏ်၊ လေ ဒဏ်၊ မိုးဒဏ်နဲ့ပုပ်သွားရင် အနံ့တွေ ထွက်လာမယ်။
အဲဒီတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေအတွက် အ သက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် တိရစ္ဆာန်သေ တွေကို သေသေချာချာမြေ မြှုပ်စွန့်ပစ်ဖို့လိုမယ် ဟု အန်ဂျီအိုအဖွဲ့တစ်ဖွဲ့မှ ကျန်း မာရေးဝန်ထမ်း ကိုဇေယျက ပြောသည်။
အချို့မြို့စွန်များတွင် အမှိုက်များစွန့်ပစ်ရန် သက် ဆိုင်ရာမှ နေရာသတ်မှတ် ပေးထားသော်လည်း၊ အ ချို့သောရပ်ကွက်များအတွင်း ၌ အမှိုက်ပစ်ရန်အတွက် သတ်မှတ်နေရာ ပြုလုပ် ပေးထားမှုမှာ အားနည်း နေသေးကြောင်း သိရ သည်။ ကျွန်မတို့ဘက်မှာ အမှိုက်ပုံကြီးရှိတယ်။ အမှိုက် လည်းပစ်တယ်။ တိရစ္ဆာန် အသေလည်းလာပစ်တယ်။ အမှိုက်ပုံက လူနဲ့ဝေးတဲ့ နေရာဆို ကိစ္စမရှိဘူး၊ အ ခုက ဈေး၊ကျောင်း၊ ရပ် ကွက်ဓမ္မာရုံနဲ့အနီးမှာ မ ဖြစ်မနေ ဖြတ်သွားနေရတဲ့ လမ်းမဘေးမှာ ဆိုတော့ တိရစ္ဆာန်အသေလာပစ်ရင် မြေမမြှုပ်တော့ ပုပ်စော်နံ နေတာပဲ။ ဟိုတလောက ပဲ ခွေးသေတွေအများကြီး လာပစ်သေးတယ် ဟု ဒဂုံ မြို့သစ်(အရှေ့ပိုင်း)ဗိုလ်လင်း ယုန်လမ်းအတွင်းနေထိုင်သူ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။
သက်ဆိုင်ရာ ကျန်း မာရေး အဖွဲ့များမှလည်း သတ္တဝါသေများကို တွေ့ရှိ လျှင် သဘာဝပတ်ဝန်းကျင် အတွက် မြေမြှုပ်စွန့်ပစ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထား ပြီးဖြစ်ကြောင်း ကျန်းမာရေး ဌာနမှ သိရသည်။
အနံ့မှာ ကောင်းတဲ့ အနံ့၊ ဆိုးတဲ့အနံ့ဆိုပြီးရှိ တယ်။ အနံ့ဆိုးဆိုရင် အန္တရာယ်ဖြစ်စေတယ်။အနံ့ ဆိုတာ လေထဲမှာပြန့်လွင့် နိုင်တဲ့အတွက် လေထုညစ် ညမ်းမှုကိုလည်း ဖြစ်စေ တယ်။ လူတွေရဲ့ကျန်းမာ ရေးကိုလည်း ထိခိုက်တယ်။ မြို့ပြရဲ့အင်္ဂါရပ်ကိုလည်း ထိ ခိုက်တယ်၊ ဒါကြောင့် လူ ထုအနေနဲ့ အမှိုက်ကို ဂရု တစိုက်စွန့်ပစ်သင့်ပါတယ် ဟု ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်း လုပ်ဆောင်နေ သူတစ်ဦးက ပြောသည်။
မေစိုးစံ
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to လေထုညစ်ညမ်းမှုများ

Who is online

Users browsing this forum: No registered users and 1 guest

cron