အသံ ဆူညံမှုနှင့် လေထုညစ်ညမ်း မှုကြောင့် လမစေ့ဘဲ ကလေးမွေးနိုင်

လေထုညစ်ညမ်းမှုများ

အသံ ဆူညံမှုနှင့် လေထုညစ်ညမ်း မှုကြောင့် လမစေ့ဘဲ ကလေးမွေးနိုင်

Postby acmv » Sun Jul 17, 2011 9:19 pm

အသံ ဆူညံမှုနှင့် လေထုညစ်ညမ်း မှုကြောင့် လမစေ့ဘဲ ကလေးမွေးနိုင်
http://www.yoyarlay.com/health/health-news/other-articles/5569-2011-04-25-04-55-08
Image

လမစေ့ဘဲ ကလေးမွေးခြင်းသည် အသံ ဆူညံမှုနှင့် လေထု ညစ်ညမ်းမှု များနှင့် ဆက်စပ် နေကြောင်း ဩစတြေးလျ သိပံ္ပပညာရှင် များ၏ တွေ့ရှိချက်ကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ အမြန် လမ်းမကြီးများ၊ အဝေးပြေး လမ်းမကြီးများ အနီးတွင် နေထိုင်သော အမျိုးသမီးများတွင် လမစေ့ဘဲ ကလေးမွေးခြင်း ဖြစ်နိုင်ခြေ ပိုများသည်ဟုဆို သည်။ ဩစတြေးလျနိုင်ငံ ကွင်းစလန်း တက္ကသိုလ် ကျန်းမာရေးနှင့် ဇီဝဆေး ပညာဆိုင်ရာ တီထွင်မှု အင်စတီကျုမှ တွဲဖက်ပါမောက္ခ အေဒရင်ဘာနက်က Logan မြို့တော်နှင့် ဘရစ်ဘိန်းမြို့တော်ရှိ မိခင် ၉၇၀ နှင့် မွေးကင်းစကလေး များကို လေ့လာချက်အရ လမ်းမကြီး များအနီးတွင် နေထိုင်သော မိခင် လောင်းများနှင့် လမစေ့ဘဲ မွေးဖွားခြင်းမှာ ဆက်စပ်မှုရှိသည်ကို တွေ့ရှိရသည်။

သုတေသန၏ အဓိကရလဒ်အရ လမ်းမကြီးများနှင့် မီတာ ၄၀ဝ အကွာ အဝေးတွင် နေထိုင်သော မိခင်လောင်း များသည် ကိုယ်ဝန်ဆောင်ချိန် ၄ ဒသမ ၄ ရာခိုင်နှုန်း နှစ်ပတ်ခန့် လျော့ကျသွား နိုင်သည်ကို တွေ့ရှိရသည်။ အဆိုပါ သုတေသနသည် မိခင်လောင်း တစ်ဦး၏အိမ်မှ မီတာ ၅၀ဝ ပတ်လည်ရှိ လမ်းအရေအတွက်ကို ရေတွက် လေ့လာခဲ့ကြသည်။ အချို့သော အကျိုး သက်ရောက်မှုများမှာ မီတာ ၂၀ဝ ပတ်လည်တွင် ကြုံတွေ့ခံစားရနိုင်ပြီး ကျန်းမာရေး ဆိုးကျိုးများကိုမူ မီတာ ၄၀ဝ အကွာတွင်ပင် ခံစားရနိုင်သည်။ ယင်းသုတေသနတွင် ဆေးလိပ် သောက်ခြင်းနှင့် မိခင်၏ လူမှုစီးပွားရေး အခြေအနေများကို ထည့်သွင်းတွက်ချက် ထားကြောင်း တွဲဖက် ပါမောက္ခဘားနတ် ကဆိုသည်။ ယခုကဲ့သို့ လမစေ့ဘဲ မွေးဖွားခြင်းမှာ အသံဆူညံမှု ကြောင့်လား သို့မဟုတ် လေထု ညစ်ညမ်းမှု ကြောင့်လား ဟူသည်ကိုမူ ခွဲခြားရန် ခက်ခဲကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ယာဉ်သွားယာဉ်လာ များနှင့် ထိတွေ့မှုကို လျှော့ချသင့်သည်ဟု ၎င်းကဆိုသည်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to လေထုညစ်ညမ်းမှုများ

Who is online

Users browsing this forum: No registered users and 1 guest

cron