CO2 ထုတ်လွှင့်သည့် စက်ရုံဝန်းကျင်တွင် အပင်များကို စိုက်ပျိုး

လေထုညစ်ညမ်းမှုများ

CO2 ထုတ်လွှင့်သည့် စက်ရုံဝန်းကျင်တွင် အပင်များကို စိုက်ပျိုး

Postby acmv » Sun Sep 18, 2011 5:24 pm

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်သည့် စက်ရုံဝန်းကျင်တွင် အပင်များကို စိုက်ပျိုးသင့်
http://www.ecovisionjournal.com
Image

ကာဗွန်ဒိုင်အောက် ဆိုက် ဓာတ်ငွေ့များကိုအ များဆုံး ထုတ်လွှင့်သည့် စက်ရုံ၊ အလုပ်သမား၏ အ နီးတစ်ဝိုက်တွင် သစ်ပင်များ ကိုစိုက်ပျိုးခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု မျိုးကို ဆောင်ရွက်သင့် ကြောင်း သိရသည်။
အဆောက်အအုံတစ်ခု ဆောက်လုပ်မည်ဆိုလျှင် ပန် ကာ (သို့မဟုတ်) လေအေး စက်များ တပ်ဆင်ပေးခြင်း ထက် အဆောက်အအုံ များအား သဘာဝအတိုင်း အေးမြစေရန် ဒီဇိုင်းထုတ် ဆောက်လုပ်ပေးခြင်းနှင့် အ ပြင်ဘက်တွင် သစ်ပင်များ စိုက်ပျိုးခြင်းတို့ကို ပြုလုပ် နိုင်ကြောင်း သိရသည်။ပတ်ဝန်းကျင်အ တွက် နောက်ဆက်တွဲဆိုး ကျိုးများဖြစ်ပေါ်စေတဲ့ စီမံ ကိန်းမပြုလုပ်မီ ပတ်ဝန်း ကျင်ဆိုင်ရာလေ့လာခြင်းမျိုး ကို သုံးသပ်သင့်ပါတယ်။ ဒါဟာ ကမ္ဘာမြေမှာရှိတဲ့ လူသားတွေအတွက် အ ကျိုးရှိမှာပါဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေဝီသန့်စင်မှ ပြောသည်။တစ်ရက်ကို ဓာတ်ဆီ တစ်ဂါလန်သုံးလျှင် ကာဗွန် ဒိုင်အောက်ဆိုက် ၁ဝ ဒသမ ၃၉၅ ကီလိုဂရမ် ထွက်ရှိပြီး၊ တစ်နှစ်လျှင် ကာဗွန်ဒိုင် အောက်ဆိုက် ၃ ဒသမ ၈ မက်ထရစ်တန် ထွက်ရှိ ကြောင်း ဒီဇယ်သည် တစ် ရက်တစ်ဂါလန်နှုန်းဖြင့် တစ် နှစ်ဆက်တိုက် အသုံးပြုလျှင် ကာဗွန်ဒိုင်အောက်ဆိုက် ၄ ဒသမ ၄ မက်ထရစ်တန် ထွက်ရှိကြောင်း ကာဗွန်ဒိုင် အောက်ဆိုက် ထွက်ရှိမှုကို သုတေသနပြုလုပ်ထားသည့် ဦးစည်သူလွင်က ပြော သည်။သစ်ပင်တစ်ဧကတွင် ကိုးပေခြား စိုက်ပျိုးပါက အပင် ၅၄၀ထွက်ရှိကြောင်း၊ အပင်တစ်ဧကသည် ကာ ဗွန်ဒိုင်အောက်ဆိုက်ကို ငါး တန်ခန့်စုပ်ယူကြောင်း သိရ သည်။စက်ရုံဝန်းထဲမှာသစ် ပင်စိုက်ဖို့နေရာမရှိရင် တ ခြား ကျေးလက်ဒေသမှာ စိုက်ပျိုးလို့ရပါတယ်။ဒေသခံ တွေအရိပ်ရသလို ထင်းအ တွက်လည်း အဆင်ပြေမှာ ပါ။ ကာဗွန်ဒိုင်အောက် ဆိုက်ကိုလည်း လျော့ချမှာ ပါ ဟု ၄င်းက ဆက်လက် ပြောသည်။
ထက်ဝေထွန်း
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to လေထုညစ်ညမ်းမှုများ

Who is online

Users browsing this forum: No registered users and 1 guest

cron