အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် မှန်လုံအိမ်ဓာတ်ငွေ့ချေ

လေထုညစ်ညမ်းမှုများ

အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် မှန်လုံအိမ်ဓာတ်ငွေ့ချေ

Postby acmv » Sun Sep 18, 2011 5:26 pm

အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် မှန်လုံအိမ်ဓာတ်ငွေ့ချေဖျက်ပေးနိုင်မှု အများဆုံးဖြစ်
http://www.ecovisionjournal.com

မြန်မာနိုင်ငံသည် ကမ္ဘာကြီးတစ်ခုလုံး၏ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏ စုစုပေါင်းတွင် CO2 ပမာဏ မတ်ထရစ်တန် သန်းပေါင်း ၃၉ ဒသမ ၅၇ ခန့်ပါဝင်ချေဖျက်ပေးနိုင်ပြီး အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အများဆုံး ချေဖျက်ပေးနိုင်ခြင်းဖြစ်ကြောင်း အမျိုးသား မှန်လုံအိမ် ဓာတ်ငွေ့စာရင်း ကောက်ယူရေးအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
၂၀၀၀ ပြည့်နှစ်က ကောက်ယူခဲ့သော စာရင်းဇယားများအရ မြန်မာနိုင်ငံရှိ သဘာဝသစ်တော ကြီးများ၊သစ်တောစိုက်ခင်းများ၊ အိမ်ခြံမြေဥယျာဉ်များရှိ သစ်ပင်များ၊ ကားလမ်း ဘေးဝဲယာရှိ သစ်ပင်များမှ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ် ငွေ့ကို ၁၄၂၂၂၁ ဒသမ ၁၉ Gz ထိ စုပ်ယူဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံမှာ သစ်တောတွေ အလျင်အမြန် ပြုန်းတီးနေတယ်ဆိုပေမယ့် တခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းစာရင်တော်သေးတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့ သဘာဝသစ်တောတွေ ဆက်မပြုန်းတီးဖို့ တင်းတင်း ကျပ်ကျပ်ထိန်းချုပ်ဖို့လိုသလို၊ သစ်တောစိုက်ခင်းတွေ၊ Community Forest လို့ခေါ်တဲ့ အစုအဖွဲ့ပိုင်သစ်တော တွေစိုက်ကြဖို့ အားပေးတိုက်တွန်းလိုတယ်။ အခုရှိနေတဲ့အခြေအနေကို ဆက်ထိန်းထားဖို့ အရေးကြီးပါ တယ် ဟု သစ်တောပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံ နှင့် ကမ္ဘာဒီးယားနိုင်ငံ နှစ်နိုင်ငံသာ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ကို အသားတင်ဖယ်ရှားပေးနိုင်သော သစ်တောသစ်ပင်များ ကျန်ရှိပြီးကမ္ဘာဒီးယား နိုင်ငံ၏ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဖယ်ရှားပေးနိုင်မှု ပမာဏမှာ မတ်ထရစ် တန်သန်းပေါင်း ၃၉ ဒသမ ၅၇ခန့်ရှိကြောင်းသိရသည်။
နန်းသီရိလွင်
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to လေထုညစ်ညမ်းမှုများ

Who is online

Users browsing this forum: No registered users and 1 guest

cron