ညစ်ညမ်းသောလေကြောင့် နှစ်စဉ် လူနှစ်သန်းကျော် ကမ္ဘာအနှံ့ သေဆုံး

လေထုညစ်ညမ်းမှုများ

ညစ်ညမ်းသောလေကြောင့် နှစ်စဉ် လူနှစ်သန်းကျော် ကမ္ဘာအနှံ့ သေဆုံး

Postby acmv » Sun Oct 16, 2011 4:19 pm

ညစ်ညမ်းသောလေကြောင့် နှစ်စဉ် လူနှစ်သန်းကျော် ကမ္ဘာအနှံ့ သေဆုံးနေ
http://www.yoyarlay.com/opinions/ts-news/environment/14860-2011-10-14-07-06-43

Image

ကမ္ဘာ့တစ်ဝန်းတွင် ညစ်ညမ်း သောလေကို ရှုရှိုက်နေရသဖြင့် တစ်နှစ်လျှင် လူနှစ်သန်းကျော်သေ ဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ အစီရင်ခံစာထုတ် ပြန်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း ၉၁ နိုင်ငံ၌ တိုင်း တာစာရင်းပြုစုခဲ့ခြင်းဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံအများစု၏ မြို့ကြီးပေါင်းများစွာ တွင် အန္တရာယ်ကင်းစင်သည့် အဆင့်အဖြစ်သတ်မှတ်ချက်နှုန်း ထက် ၁၅ ဆခန့်အထိ လေထုပိုမို ညစ်ညမ်းနေကြောင်း၊ ထို့အပြင် လေထုအတွင်း အညစ်အကြေးမှုန့် နှင့် ဓာတုပစ္စည်းမြူမှုန့်မည်မျှ ပါဝင်နေကြောင်းကိုလည်း လေ့လာ စာရင်းပြုစုခဲ့ကြောင်း သိရသည်။

"ညစ်ညမ်းတဲ့ လေကို နေ့စဉ် ရှူနေရသူတွေအနေနဲ့ အဆုတ်ကင် ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင် ရာ ရောဂါတွေ၊ နှလုံးရောဂါ၊ ပန်း နာရင်ကျပ်ရောဂါတွေဖြစ်ပွားစေနိုင် ပါတယ်။ နိုင်ငံဖွံ့ဖြိုးလာတာနဲ့ အမျှစက်ရုံ၊ အလုပ်ရုံတွေများပြား လာမယ်။ မော်တော်ကား၊ စား သောက်ဆိုင်တွေများ လာတာဖြစ် လို့မြို့ပြနေသူတွေ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနှုန်း တစ်နှစ်ထက်တစ် နှစ်မြင့်တက်လာတာတွေ့ရပါတယ်"ဟု အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာ ဝင်းကိုကသုံးသပ်သည်။

လေထုညစ်ညမ်းမှုအများဆုံး ဖြစ်စေခြင်းမှာ စက်ရုံ၊ အလုပ်ရုံနှင့် မော်တော်ကားများ၊အစားအသောက် ချက်ပြုတ်ရာများမှ ထွက်ရှိကြသည့် မီးခိုးငွေ့များဖြစ်ကြောင်း အဆိုပါအစီ ရင်ခံစာတွင်ဖော်ပြသည်။ကျေးလက် နေသူများအနေဖြင့်လေထုညစ်ညမ်း မှုဒဏ်ကို ဆိုးရွားစွာ မခံစားရသော ကြောင့်သေဆုံးမှုနှုန်းနည်းပါးကြောင်း ကိုလည်းဆက်လက်ဖော်ပြထားသည်။ "ကျွန်တော်တို့နိုင်ငံမှာဆိုရင် လည်းသစ်တောတွေပြုန်းတီးလာလို့ ရာသီဥတုတွေဖောက်ပြန်လာနေတာ အားလုံးအသိပဲ။ တကယ်တော့ သစ်ပင်တွေဟာ ကမ္ဘာကြီးကို ပူနွေး စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးပြီး လူတွေအတွက်အ သက်ရှူဖို့ လေကောင်းလေသန့် ထုတ်လွှတ်ပေးတယ်။

ဒါ့ကြောင့် လေထုညစ်ညမ်းမှု လျော့ကျလာ အောင် သစ်ပင်တွေ များများရှိဖို့ လိုအပ်ပါတယ်။ကျေးလက်မှာဆိုရင် စက်ရုံ၊ မော်တော်ကားနည်းပြီး သစ်ပင်တွေများတော့ လေကောင်း လေသန့်ရနိုင်တာပေါ့" ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီ တစ်ဦးက ပြောသည်။ ထို့အပြင် အေးမြသည့် နိုင်ငံ ဒေသများနှင့် မြို့များတွင် နေအိမ် အတွင်းမီးဖိုများဖိုထားသည့် အလေ့ အထမှာလည်း အိမ်အတွင်းရှိသူများ ကို လေထုညစ်ညမ်းစေနိုင်ကြောင်း၊ လေထုညစ်ညမ်းခြင်းနှင့် ဆက်စပ် သည့်ရောဂါများကိုလည်း သွယ်ဝိုက် သောနည်းဖြင့် ရရှိစေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံ စာတွင်ပါဝင်သည်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to လေထုညစ်ညမ်းမှုများ

Who is online

Users browsing this forum: No registered users and 1 guest

cron