သံလွင်မြစ်ပေါ်၌ ရေကာတာ တည်ဆောက်မည်ဆိုလျှင် သဘာဝ အရင်းအမြစ်မျာ

မြစ်ဆုံရေကာတာစီမံကိန်း နှင့်ပတ်သက်သမျှ အကြောင်းအရာများ၊ မြန်မာနိုင်ငံအလံတည်ရှိနေသမျှကာလပတ်လုံး မဆောက်တော့မည့်စီမံကိန်း။ ထာဝရဖျက်သိမ်းထားသည့်စီမံကိန်းဖြစ်အောင်ကြိုးစားကြပါစို့ ။



"ဧရာမ ရေကာတာကြီးတစ်ခုကို သူတို့တွေ မီးထိန်ထိန်လင်းဖို့အလို့ငှာ ကျွန်တော်တို့က အနာခံပြီး ကိုယ့်ပြည်ထဲမှာ ဘယ်သောအခါမှ မတည်ဆောက်သင့်" (မောင်ဝံသ)

သံလွင်မြစ်ပေါ်၌ ရေကာတာ တည်ဆောက်မည်ဆိုလျှင် သဘာဝ အရင်းအမြစ်မျာ

Postby acmv » Sun Sep 07, 2014 11:47 am

သံလွင်မြစ်ပေါ်၌ ရေကာတာ တည်ဆောက်မည်ဆိုလျှင် သဘာဝ အရင်းအမြစ်များ ဆုံးရှုံးနိုင်ဟုဆို

Image

သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်မည်ဆိုလျှင် သဘာဝ အရင်းအမြစ်များ အပါအ၀င် အခြား ဆုံးရှုံးမှု အများကြီးရှိနိုင်ကြောင်းနှင့် အစိုးရအနေဖြင့် ကွင်းဆင်း လေ့လာထားချက်များ ကို ပြည်သူသို့ချပြခြင်း မျိုး ပြုလုပ်သင့်ကြောင်း သံလွင်မြစ် ၏ လူမှုစီးပွားတန်ဖိုးများ နယ်စပ်ဖြတ်ကျော် ထိန်းသိမ်းရေး သုတေသနလုပ်ငန်း ပူးပေါင်းကွန်ရက် အလုပ်ရုံ ဆွေးနွေးပွဲ ထံက သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့မှစ၍ မော်လ မြိုင်တက္ကသိုလ်က ဦးစီး ကာ မော်လ မြိုင်တက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပနေခြင်းဖြစ်ပြီး စက်တင်ဘာ ၄ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ကာ ပြည်တွင်းပြည်ပ ပညာရှင်များမှ သံ လွင်မြစ်ကြောင်းဆိုင်ရာ ကိစ္စများ ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအ တွင်း နိုင်ငံတစ်ဝန်းရှိ သဘာဝပတ် ၀န်းကျင် ပညာရှင်များ၊ ပထ၀ီရေးရာ ပညာရှင်များ၊ အဏ္ဏ၀ါသိပ္ပံပညာရှင် များစသည့် ပြည်တွင်းပညာရှင်များ အပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ပညာရှင်များမှ သုတေသနစာတမ်း များ ဖတ်ကြားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း သံလွင်မြစ်ပေါ် တွင် ရေကာတာ ၆ ခု တည်ဆောက် လုပ်ရန် လုပ်ဆောင်နေခြင်းကို အစိုးရ အနေနှင့် ပြည်သူလူထု၏ သဘော ဆန္ဒအတိုင်းသာ လုပ်ဆောင် သင့် ကြောင်း တက်ရောက်လာသူများက ပြောကြားသည်။

“ထိုင်းနိုင်ငံမှာလည်း သံလွင်မြစ် ပေါ်မှာ ရေကာတာဆောက်ဖို့ လုပ်ခဲ့ ပြီးတော့ ဒေသခံ အများစု က လက်မခံ ကြဘူး။ ကျွန်တော်ကတော့ ဒါကောင်း တယ်၊ မကောင်းဘူး မပြောလိုပေ မဲ့ ရေကာတာတွေ ဆောက်တဲ့အခါ အစိုးရက သက်ရောက်လာနိုင်တဲ့ အကျိုးတွေရယ်၊ ကွင်းဆင်း လေ့လာ ထားချက်တွေရယ်ကို ပြည်သူတွေကို ချပြတာမျိုးလုပ်သင့်တယ်။ သံလွင် မြစ်ပေါ်မှာ ရေကာတာဆောက်ရင် သဘာဝအရင်းအမြစ်တွေ အပါအ၀င် အခြား ဆုံးရှုံးမှုတွေ အများကြီး ရှိလာနိုင်တယ်” ဟု Foundation for Ecological Recovery မှာ လက်ထောက်ဒါရိုက်တာ Srisuwan Kuankachorn ကပြော သည်။

သဘာဝ အရင်းအမြစ် ပျက်စီးခြင်း များ ဖြစ်လာနိုင်ပြီး သံလွင်မြစ်တစ်လျှောက် လူမှု အသိုက် အ၀န်းများကို ထိခိုက်နိုင်ခြင်းများမှာ ရေကာတာ ဆောက်လုပ်ခြင်းအပြင် သက်ဆိုင်ရာ လူမှု အသိုက်အ၀န်း ကိုယ်တိုင် သတိမထား ဖျက်ဆီးမှုများလည်း ရှိနေ ကြောင်း ပညာရှင်များက သုံးသပ် ပြောဆိုကြသည်။

“ပညာရှင်တွေ ပြုစုထားတာတွေ ကတော့ ကောင်းတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ ကလည်း ပြောကြ တယ်ဆိုတော့ ဒီနှစ်ခု ပူးပေါင်းပြီး ဆောင်ရွက်နိုင်ရင် တိုင်းပြည်အတွက် ပိုပြီး အကျိုးရှိတာပေါ့။ တက္ကသိုလ် တွေရဲ့ သုတေသနတွေကလည်း အ စိုးရကို ဆုံးဖြတ်ချက် ချရာမှာ ပိုပြီး ထိရောက်နိုင်မယ်ထင်ပါတယ်။ သုတေ သနတွေကိုလည်း သံလွင်မြစ်ဝှမ်း တစ်လျောက်လုံး လုပ်ရမယ်” ဟု က ရင်မြစ်ချောင်း စောင့်ကြည့်ရေး အဖွဲ့မှ စောသာဘိုးကပြော သည်။

အဆိုပါဆွေးနွေးပွဲကို မော်လမြိုင် တက္ကသိုလ်အပြင် သဘာဝပတ်ဝန်း ကျင်နှင့် လူမှုစီးပွား အရေး ဆောင်ရွက် နေသော NGOs ၆ ခုက ထောက်ပံ့ ပေးထားခြင်းဖြစ်ပြီး မော်လမြိုင်၊ ဘား အံ၊ တောင်ကြီး တက္ကသိုလ်များမှ ဆရာ/မများနှင့် သံလွင်မြစ်ကြောင်း တစ်လျှောက် ဒေသများရှိ အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြ သည်။

ဆွေးနွေးပွဲ နောက်ဆုံးရက်တွင် သံလွင်မြစ်ကြောင်းအတွင်းရှိ ကျွန်း တချို့ကို လေ့လာရေးနှင့် သုတေသန ခရီးစဉ်များလည်း ရှိကြောင်း သိရသည်။

သတင်း - MMK

The Ladies News Journal
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြစ်ဆုံရေကာတာစီမံကိန်း

Who is online

Users browsing this forum: No registered users and 1 guest

cron