ဖိတ်ချင်းဖိတ်

ပြည်သူပိုင်ပစ္စည်း၊ တိုင်းပြည်ပိုင်ဘဏ္ဍာငွေတွေကို၊ တဦးတယောက်ရဲ့ကိုယ်ကျိုး (သို့) လူတစ်ယော်၏ အကျိုးအတွက်သာသုံးစွဲ
ခြင်းဟာ၊ ဘယ်နိုင်ငံဘယ်နေရာမှာမှ၊ ခွင့်ပြုထားခြင်းမရှိသလို၊ မြန်မာပြည်မှာလည်း၊ အလားတူ၊ ငွေရေးကြေးရေးဖေါက်
ပြန်မှု၊ အလွဲသုံးစားလုပ်မှုများရှိခဲ့ပါလျှင်၊ တရားဥပဒေအရ၊ အရေးယူအပစ်ပေးခံရသင့်ပါသည်။ သီလမြဲသော ခေါင်းဆောင်ကောင်းများပေါ်ထွန်းစေရန်ရည်ရွယ်ချက်
ဖြင့်သာ...

ဖိတ်ချင်းဖိတ်

Postby acmv » Tue Nov 25, 2014 7:30 pm

ဖိတ်ချင်းဖိတ်

စစ်တပ်က ခပ်ငယ်ငယ် ဗိုလ်ကြီးအဆင့်တွေ ပညာရေးလောကထဲပို့လိုက်ပြီး ညွှန်ကြားရေးမှူးအဆင့်လောက်ပေးလိုက်တော့ ပညာရေးဌာနမှာ ဦးဆွေးဆံမြည့် တာဝန်ထမ်းနေတဲ့ ဆရာကြီးတွေက ရှေ့လည်းတိုးမရ၊ နောက်လည်း ဆုတ်မရ ဒုက္ခတွေ့ကြရတယ်။ သူတို့ပင်စင်နီးနေကြပါပြီ။ ညွှန်ကြားရေးမှူးရာထူးလောက်နဲ့ ပင်စင်ယူမယ်လို့ ပြင်ဆင်ထားကြပေမယ့် မိုးကျရွှေကိုယ်တွေ ရောက်လာတော့ လက်ညွှန်အဆင့်တွေလောက်နဲ့ အောင့်သီးအောင့်သက် ပင်စင်ယူကြရတယ်။

ညွှန်ကြားရေးမှူးရာထူးကို အသက် ၃၀ ဝန်းကျင်လောက် စစ်ဗိုလ်တွေကိုထည့်လာကတည်းက ရေရှည်စီမံကိန်းဆိုတာ အားလုံးတွက်ဆလို့ရပါတယ်။ ပြီးတော့ ရောက်လာတဲ့ ဗိုလ်တွေကလည်း ဌာနရဲ့ အရေးအကြီးဆုံး ဘဏ္ဍာတွေကို ထိန်းရတဲ့ နေရာကို တာဝန်ယူကြရတယ်။ စစ်တပ်အုပ်ချုပ်ချိန်ဆိုတော့ အရပ်သားတွေကို ငွေကိုင်ခိုင်းရတာ စိတ်မချဘူးလေ။ စိတ်မချဘူးဆိုတာက အမှန်တော့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ဆိုပြီး လုပ်ပိုင်ခွင့်တွေကို စစ်ဗိုလ်တွေပေးပြီး၊ သူတို့အိတ်ထဲ ဖိတ်ခိုင်းလိုက်တာပါ။

စစ်ဗိုလ်တွေက ပညာရေးဌာနမှာ အကြီးအကဲတွေဖြစ်လာတော့ ငွေရပေါက်ရလမ်းရှိတဲ့ ကျောင်းသုံးစာအုပ်ထုတ်ဝေရေးတွေကို ကိုင်ကြတယ်။ ပညာရေးဌာနမှာ ကျောင်းသုံးစာအုပ်ကို အစိုးရကကိုင်ပြီး အချိန်တန်ကျောင်းဖွင့်လို့ ကျောင်းသားတွေလက်ထဲ စာအုပ်တွေ မရောက်တာကို စစ်ဗိုလ်တွေက ဟိန်းဟောက်ကြတော့ ပထမ စေတနာလို့ ထင်လိုက်မိတယ်။ နောက်မှ အချိန်မှန် ကျောင်းသားတွေ လက်ထဲကို ကျောင်းသုံးစာအုပ်တွေ မရောက်တာ အစိုးရက ထုတ်ဝေရေးကို မနိုင်လို့ဆိုပြီးတော့ စစ်ဗိုလ်တွေက ကျောင်းသုံးစာအုပ်တွေကို ပြင်ပနဲ့ပေါင်းပြီး ခွင်ရိုက်ကြတော့တယ်။ အရည်အသွေးညံ့ညံ့ စုတ်ပြတ်နေတဲ့ ကျောင်းသုံးစာအုပ်တွေကို တစ်နိုင်ငံလုံးကို ဖြန့်ချိခွင့်ရတဲ့ စစ်ဗိုလ်တွေဟာ ဘယ်လောက်ချမ်းသာသွားသလဲဆိုတော့ ဗလာစာအုပ်စက်ရုံတွေ၊ ပုံနှိပ်တိုက်ကြီးတွေ ပိုင်ဆိုင်ပြီး ပညာရေးပရောဂျက်မှန်သမျှ လုပ်စားလို့ ရသွားတဲ့အထိ ကိုယ့် အိတ်ထဲကိုဖိတ်လိုက်ကြတာကို တွေ့ရပါတယ်။

ကျန်းမာချမ်းသာကြပါစေဗျာ။

Tin Nyunt
၂၅.၁၁.၂၀၁၄
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ပြည်သူပိုင်ဘဏ္ဍာကိုအလွဲသုံးစားလုပ်ခြင်းနှင့်လာဘ်စားမှု

Who is online

Users browsing this forum: No registered users and 1 guest

cron