လုယက်ယူငင်ခံနေရသော မြန်မာပြည်

လုယက်ယူငင်ခံနေရသော မြန်မာပြည်

Postby acmv » Sat Feb 07, 2015 8:54 pm

လုယက်ယူငင်ခံနေရသော မြန်မာပြည်
by admin • January 30, 2015
Image

ကမ္ဘာမှာ သြဇာတိက္ကမ ရှိတဲ့ သတင်းစာကြီးများတွင် တစောင် အပါအ၀င် ဖြစ်တဲ့နယူးယောက်တိုင်းမ် က အယ်ဒီတာ့ အာဘော် အခန်းမှ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ တရုတ်တို့၏ ထင်တိုင်းကြဲနေမှုများကို ဂျန်န၀ါရီလ ၂၃ ရက်နေ့ထုတ် သတင်းစာမှာဝေဖန်ရေးသားသွားပါတယ်၊

တရုတ်အရာရှိတွေ သစ်ခိုးမှု ကိစ္စနဲ့ စပ်လျင်းပြီး မြန်မာနိုင်ငံ ရောက်ရှိနေချိန်နဲ့လည်း တိုင်ဆိုင်နေပြီး တနိုင်ငံလုံးက ဦးသိန်းစိန် အစိုးရ ဘယ်လိုကိုင်တွဲ မလဲဆိုပြီး စိတ်ဝင်စားနေကြတဲ့ အခိျန်လည်း ဖြစ်နေတာကြောင့် တရုတ်တို့အဖို့ အတိမ်းအစောင်း မခံနိုင်တဲ့ အချိန်မျိုးလည်း ဖြစ်နေပါတယ်။

ယခင်ကလည်း အဆိုပါ သတင်းစာမှ မကြာခဏ ဆိုသလို ဒီထက်မက ဝေဖန်ရေးသားလေ့ရှိပေမယ့် တရုတ်နိုင်ငံ ခြားရေး ဝန်ကြီးဌာနမှ ၀င်ပါရလောက်အောင် မဖြစ်ပါဘူး၊ အခု အနာပေါ် တုတ်ကျသွားတဲ့ အကြောင်းကို မဖတ်ရသေးသူများ ရှိရင် သိရအောင် တလုံးမကျန် ဘာသာပြန် ဖေါ်ပြလိုက်ပါတယ်။

china-myanmar

The Plunder of Myanmar

တရုတ်တို့၏ ဖုံးမရ ဖိမရ ဖြစ်လာနေသော ချင်ခြင်းတပ်မှုများက မြန်မာ့မြေပေါ်ရှိ သယံဇာတများကို ဖေါဖေါသီသီ လုယက်ယူငင်လာကြသည့် အထိ ဖြစ်လာခဲ့ပေသည်။ မကြာခဏ ဆိုသလို ဗြောင်ကျကျ ၀င်ရောက်ခိုးယူလေ့ရှိသလို နီးစပ်ရာ လက်ဝေခံမျာနှင့် ဝေစားမျှစားလုပ်သည့် crony capitalism စနစ်ကို ကျင့်သုံးကာ ယူငင်ခဲ့ကြသည်လည်း ရှိသည်။

မြန်မာစစ်တပ်ထဲရှိ လူ့မလိုင်များက မြန်မာမြေကို ခေါင်းပုံဖြတ်ကြရန် စိတ်အားထက်သန်နေကြသော တရုတ်ကုမဏ္ကီများနှင့် အပေးအယူရှိခဲ့ကြပြီး ယင်းကိစ္စများနှင့် စပ်လျင်း၍ ဖြစ်ပေါ်လာမည့် ပါတ်ဝန်းကျင် ထိမ်းသိမ်းမှု ဂယက်များနှင့် လူထု အကျိုးကိုကား ထည့်သွင်းစဉ်းစားမှု မရှိသလောက်ပင်။ ဟီရိုးအင်းစွဲနေသည့် ကျောမွဲအလုပ်သမားများ မြေကြီးမှ တူးဖေါ်ရရှိခဲ့သည့် ကျောက်စိမ်းများကို ၀ယ်ယူကြရန်တွင် မြန်မာပြည်အရှေ့မြောက်ဖျားကို ထိမ်းချုပ်ထားသည့် ကချင်လွတ်မြောက်ရေး တပ် ဟု ခေါ်သော သူပုန်တပ်ဖွဲ့များ၏ ဝေစုကိုလည်း ချန်လှပ်ထားခဲ့၍ မရပေ။

ယခုအပါတ် တရုတ်အရာရှိများ မြန်မာပြည်သို့ ရောက်ရှိလာကြကာ သစ်ခိုးထုတ်မှုနှင့် အဖမ်းခံနေရသော တရုတ်နိုင်ငံသားများ အရေးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ အဓိက ပြဿနာမှာ မြန်မာပြည်တွင်းတွင် ကုန်ခမ်းလုဆဲဆဲ ဖြစ်နေသော သစ်နက်များကို တရားမ၀င် ခုတ်လှဲနေကြခြင်း ဖြစ်သည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် ပါတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်မှု စုံစမ်းရေး အေဂျင်စီမှ ယခုအတိုင်း ဆက်လက်ပြုလုပ်နေပါက လာမည့် (၃) နှစ်အတွင်း အဆိုပါ သစ်ပင်များ မျိုးတုန်းဘွယ်ရှိသည်ဟု သတိပေးထားခဲ့သည်။

ယခုအခါ တရုတ်နယ်ခြားရှိ Mong La မြို့လေးသည် တိရိစ္ဆာန်များ တရားမ၀င် ကုန်ကူးရာ၊ ပြည့်တန်စာ လုပ်ငန်းနှင့် လောင်းကစားဝိုင်းများ ထူပြောရာ မြီု့ အဖြစ် ပြောင်းလဲသွားခဲ့ရပြီဖြစ်သည်။ တရုတ်တို့မှ ကျား၊ ကျားသစ် ၀က်ဝံ သည်းခြေနှင့် သင်းခွေချပ်များအား အာသာငန်းငန်း ၀ယ်ယူနေမှုများကြောင့်ဖြစ်ပြီး ယခုအခါ အများစု ခန့်မှန်းချက်အရ မြန်မာပြည်တွင် ကျား အကောင်ရေသည် ၇၀ ထက် မပိုတော့ဟု သိရသည်။

မြန်မာပြည်တွင်းရှိ ကြေးနီသတ္တုများကိုလည်း အလွတ်မပေးရကာ ပါတ်ဝန်းကျင်နှင့် လူထုအပေါ် ဆိုးကျိုးများ ဖြစ်ပေါ်လာမည့်အရေးကြောင့် ထွက်ရောက် ဆန္ဒပြရဲသော လူထုအား အကြမ်းဖက် ခဲ့ကြပြန်သည်။ ၂၀၁၂ ခုနှစ်က တရုတ်ပိုင် ၀မ်ပေါင်သတ္တုတူးဖေါ်ရေး ကုမဏ္ကီနှင့် မြန်မာစစ်တပ်အတွက် စီးပွားရေး ၀န်ဆောင်မှုပေးသည့် ကုမဏ္ကီတို့ ဖက်စပ်ပြုလုပ်ခဲ့ကြသည့် မြန်မာပြည်အလယ်ပိုင်းရှိ လက်ပန်တောင် ကြေးနီသတ္တျုတွင်းတွင် ဒေသခံများကို ဖယ်ရှားခဲ့ရာမှ ကန့်ကွက်မှုများ ဖြစ်ပေါ်လာခဲ့ရာ မြန်မာ ရဲအဖွဲ့မှ စစ်ပွဲများတွင်သာ သုံးလေ့ရှိသည့် ဖေါ့စဖရတ်နှင့် ပြုလုပ်ထားသည့် မီးခိုးဗုန်းကို အသုံးပြု၍ နှိမ်နှင်းခဲ့ကြသည်။ လွန်ခဲ့သည့်လက အဆိုပါဒေသတွင် အလားတူ အတင်းအကျပ် ဖယ်ရှားမှုများကြောင့် ကန့်ကွက် ဆန္ဒပြကြပြန်သော ဒေသခံ လူအုပ်ကြီးအတွင်းသို့ ရဲအဖွဲ့မှ ပြစ်ခတ်ရာ အမျိုးသမီးတဦး ဦးခေါင်းကို သေနတ်ထိမှန်၍ သေဆုံးခဲ့ရသည်။

ဆန္ဒပြမှုများကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူများအနေဖြင့် ယင်းကဲ့သို့ လုယက်ယူငင်နေမှုများကို အဆုံးသတ်စေချင်ကြသည်မှာ ရှင်းလင်းသိသာလှပေသည်။ မြန်မာသည် လူ့အခွင့်အရေး နှင့် ပါတ်ဝန်းကျင် ထိမ်းသိမ်းရေးကို လေးစားလိုက်နာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုသာ လိုအပ်သည်။ ယခုကဲ့သို့ သဘာဝ အရင်းအမြစ်များ ထုတ်ဖဲ့ယူနေကြခြင်းနှင့် နိုင်ငံရေးအရ မတည်ငြိမ်မှုများကို ဖန်တီးနေသော နီးစပ်ရာ လက်သိတ်ထိုးြ့ပုလုပ်နေကြသည့်  သဘောတူညီချက်များနှင့် အကျင့်ပျက်ခြစားနေမှုများကို ထိမ်းချုပ်ရန်မှာ သမ္မတ သိန်းစိန် အပေါ်တွင် မူတည်နေပေသည်။

(ဘာမှလည်း အမှားပါတာ မတွေ့ရဘူး)

“Anarchy is the stepping stone to absolute power.” — Napoleon
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြန်မာ့ သယံဇာတ

Who is online

Users browsing this forum: No registered users and 1 guest

cron