လက်ပံတောင်းတောင်အနီး သံဆူးကြိုးချဲ့ထွင်ခတ်နေခြင်း မပြုလုပ်ရန

လက်ပံတောင်းတောင်အနီး သံဆူးကြိုးချဲ့ထွင်ခတ်နေခြင်း မပြုလုပ်ရန

Postby acmv » Sun Jan 19, 2014 10:34 am

လက်ပံတောင်းတောင်အနီး သံဆူးကြိုးချဲ့ထွင်ခတ်နေခြင်း မပြုလုပ်ရန် တောင်သူအချို့ မြန်မာ-၀မ်ပေါင်ရုံးသို့ သွားရောက်တောင်းဆို
Published on: January 18, 2014

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်အနီးတွင် သံဆူးကြိုး ချဲ့ထွင်ခတ်နေခြင်းနှင့် ပတ်သက်၍ လက်ပံတောင်းတောင်အနီးမှ တောင်သူအချို့က လျော်ကြေးရယူမထားသော မြေယာများပေါ်တွင် သံဆူးကြိုးများ ဆက်လက်ခတ်နေမှု ရပ်ဆိုင်းပေးရန် မြန်မာ-၀မ်ပေါင်ရုံးရှေ့သို့ သွားရောက်တောင်းဆိုခဲ့ကြောင်း သိရသည်။

“လက်ပံတောင်းတောင်စီမံကိန်းစမယ် ဆိုကတည်းက တောင်ရဲ့ပတ်ပတ်လည်မှာ သံဆူးကြိုးကာတာတွေနဲ့ ပတ်သက်ပြီး အရင်ကလည်း ပြဿနာဖြစ်ပြီးပြီ။ အဲဒီတုန်းကတောင် ပတ်ပတ်လည်က ရွာသူရွာသားတွေရဲ့လျော်ကြေးမယူထားတဲ့ မြေကွက်တွေ အတော်များများပါသွားတယ်။ ၀က်မှေးရွာဘက်ဆိုရင် နှမ်းတွေ ခါးလောက်ရှိတဲ့ အပင်တွေပါ ပါသွားတယ်။
သံဆူးကြိုးခတ်တာတွေက မြေစာတွေ ပုံထားတာနဲ့ ဖို့ပြီးသွားလို့ နေရာထပ်ချဲ့တဲ့အနေနဲ့ သံဆူးကြိုးတွေချဲ့မယ့်နေရာနားမှာ ဖြန့်ထားတာကို တွေ့ရလို့ ဇန်န၀ါရီ ၁၅ ရက်က ၀က်မှေးရွာက ဒေသခံတွေသွားပြီး တောင်းဆိုခဲ့တာပါ”ဟု ၀က်မှေးကျေးရွာဒေသခံတစ်ဦးက ဆိုသည်။

သတ္တုမထွက်ဘဲ စိမ်းစိုနေတဲ့ တောင်တွေကို မြေစာမပုံဖို့ပြောတာကို ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်နေတာပါလို့ သူတို့က ပြန်ဖြေတယ်။ကျွန်မတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်
အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်ရင် အစီရင်ခံစာမှာပါတဲ့  ဒေသခံတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့ပါတာကို ဘယ်ဒေသခံတွေနဲ့ ညှိနှိုင်းသလဲမေးတော့ ပြန်မဖြေနိုင်ပါဘူး . . .

သံဆူးကြိုး ချဲ့ထွင်မခတ်ရန် သွားရောက်တောင်းဆိုရာတွင် ပါဝင်ခဲ့သော မသွဲ့သွဲ့ဝင်း က“လျော်ကြေးယူမထားလို့ သံဆူးကြိုးမခတ်ဖို့ကို မြန်မာ-၀မ်ပေါင်ရုံးရှေ့မှာ ၀မ်ပေါင်ရော ဦးပိုင်ရော ပြည်ထဲရေးရော အကုန်ပြောပါ တယ်။ ဦးပိုင်က ဦးလှစိန်ကတော့ တားလည်းဆက်လုပ်မှာလို့ ပြောပါတယ်။ဝမ်ပေါင် က ဒေသဖွံ့ဖြိုးရေးတာဝန်ခံ ဦးလောဆုန်ကတော့ ဦးပိုင်နဲ့ဝမ်ပေါင်က သမီးရည်းစားတွေလို သဘောမျိုးနဲ့ အခြေခိုင်ခဲ့ရာကနေ အခု လင်မယားဖြစ်ပြီပြောလို့ရလို့ ဘယ်တော့မှ ကွဲသွားမှာမဟုတ်ဘူးလို့ စကားပြန် မထွေးထွေးခင်က ပြောပါတယ်။ တိုင်းဒေသကြီး ရဲမှူး ဦးမိုးဆွေကို ကျွန်မတို့ ရွာသူရွာသားတွေနဲ့ သံဆူးကြိုးဆက်ခတ်ရင် ထိပ်တိုက်တွေ့မယ်။ ၀မ်ပေါင်က လစာပေးထားတာ မဟုတ်လို့ ဘယ်ဘက်ကို အကာအကွယ်ပေးမလဲမေးတော့ ဒီအကြောင်းက တရားသူကြီးနဲ့ သာဆိုင်တာပါလို့ပြောခဲ့တယ်။ ညှိနှိုင်းလို့ မရတော့ ရွာသူရွာသားတွေလည်း ခြံစည်းရိုးမခတ်ဖို့ အသက်နဲ့လဲပြီး ကာကွယ်သွားမယ်လို့ ပြောခဲ့တယ်”ဟု ပြောကြားသည်။

“လက်ပံတောင်းမှာ အရန်တောင်တွေ အပါအ၀င် တောင် ၃၃ လုံးက ၁၄ လုံးမှာသာ သတ္တုရှိတယ်လို့ သိရပြီး စီမံကိန်းအကောင်အထည်ဖော်ရာမှာ သတ္တုမထွက်တဲ့တောင်တွေကိုပါ မြေစာပုံတွေနဲ့ ပုံပြီးဖျက်ဆီးနေ ပါတယ်။ သတ္တုမထွက်ဘဲ စိမ်းစိုနေတဲ့ တောင်တွေကို မြေစာမပုံဖို့ပြောတာကို ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်နေတာပါလို့ သူတို့က ပြန်ဖြေတယ်။ ကျွန်မတို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်ရင် အစီရင်ခံစာမှာပါတဲ့ ဒေသခံတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့ပါတာကို ဘယ်ဒေသခံတွေနဲ့ ညှိနှိုင်းသလဲမေးတော့ ပြန်မဖြေနိုင်ပါဘူး။ ကျွန်မတို့ တောင်သူတွေအနေနဲ့ ပြောရရင် ဒေသခံတွေနဲ့ မဆွေးနွေးဘဲ စီမံကိန်းလုပ်တာဟာ ဥပဒေကို သူတို့ချိုးဖောက်တာပါ”ဟူ၍ ၀က်မှေးကျေးရွာဒေသခံ တစ်ဦးက ပြောကြားသည်။

Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြန်မာ့ သယံဇာတ

Who is online

Users browsing this forum: No registered users and 2 guests

cron