သဘာဝတွင်းထွက်ကျောက်မီးသွေးများကို

သဘာဝတွင်းထွက်ကျောက်မီးသွေးများကို

Postby acmv » Fri Feb 21, 2014 6:04 pm

မြန်မာပိုင် မေဖလားဝါးကုမ္ပဏီနှင့် ယိုးဒယားပိုင်Eaststar Co.Ltd တို့စည်းဝါးရိုက်၍ တနသာင်္ရီတိုင်း၏အရှေ့ဘက်၈၅မိုင်အကွာယိုးဒယားနယ်စပ်အနီး ထီးထာနယ်မြေတဝိုက်နှင့် ကထောင်းနီကျောက်မီးသွေးစခန်းတို့တွင် မြန်မာပြည်သူအပေါင်းမှပိုင်ဆိုင်သော သဘာဝတွင်းထွက်ကျောက်မီးသွေးများကို ယိုးဒယားစက်ရုံကြီးများ အလုပ်ရုံများလည်ပတ်မောင်းနှင်နိုင်ရန်အတွက် လိုသလောက်ထုပ်ယူသုံးစွဲလျှက်ရှိသည် ပေတစ်ထောင်ကျော်မြင့်သောတောင်တန်းများပေါ်တွင်မြေအပေါ်ယံ၅ပေခန့်လွှာလိုက်လျှင်ပေါ်ထွက်လာသောကျောက်မီးသွေးများမှာ မြင်သူတိုင်းအံ့သြသွားလိမ့်မည် များလိုက်သည့်တွင်းထွက်ကျောက်မီးသွေးများ တန်ချိန်၄၀ကျော်တင်နိုင်သော ကားကြီးများဖြင့်တစ်နေ့တစ်နေ့တွင် ကားအစီးပေါင်း ၅၀ စီးဖြင့်သယ်ယူသော်လည်း အနည်းဆုံး ၁၀နှစ်ကျော်သယ်၍ပင်မကုန်နိုင်ပေ ။
မြန်မာပြည်သူအပေါင်းမှာ မိမိပိုင်မြေမှထွက်သော ကျောက်မီးသွေးများကို သုံးစွဲခွင့်ရဖို့လျှင်ဝေးစွ မြင်တောင်မှမမြင်လိုက်ရပဲ အလုံပိတ်ထားသောကားကြီးများဖြင့်ယိုးဒယားသို့သယ်ယူသွားပေသည်
Eaststar Co.Ltd ကရောင်းလျှင်
၁တန်လျှင်ယိုးဒယားဘတ်ငွေ ၇၀၀၀ ခန့်ရသာ ၎င်းကျောက်မီးသွေးများကို မြန်မာအစိုးရကမည်မျှရ၍ ပြည်သူများအတွက်မည်သည့်အကျိုးများခံစားရသနည်း ?တစ်ဦးတစ်ယောက်ကိုယ်ကျိုးအတွက် မြန်မာ့တွင်းထွက်များကိုပေးဆပ်နေရပါသလား?
မေးခွန်းများမေးချင်ပေမယ့်လည်း မည်သူ့ကိုမေးရမည်မသိပေ ပွင့်လင်းမြင်သာမှုကင်းမဲ့သောလုပ်ရပ်များပင်ဖြစ်သည်

ထိုသို့တောင်ပုံယာပုံရှိသော ကျောက်မီးသွေးများကိုသယ်ယူနေသော ကားများမှာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ချင်တိုင်းဝင်၍ ထွက်ချင်တိုင်းထွက်နေကြသော ယိုးဒယားလိုင်စင် ယိုးဒယားနံပါတ်ပြားများတပ်ဆင်ထားသည့် ယိုဒယားပိုင်ကားများသာဖြစ်သည်(တချို့ကားများမှာကွန်ပြူတာစာရွက်ဖြင့်မြန်မာနံပါတ်များရေး၍ကလစ်ဖြင့်ညှပ်ထားသည်) ဖမ်းဆီးအရေးယူမည့်သူမရှိ သတိပေးတားမြင့်မည့်သူမရှိ ၎င်းကားများကိုအရေးယူဖို့ဥပဒေမထုပ်ရသေးပါသလား?
ယိုးဒယားလူမျိုးများမှာ မြန်မာပြည်အား သူတို့ထင်တိုင်းကြဲနိုင်သော လုပ်ချင်တာလုပ်နိုင်သော နုံနုံအအငတုံးနိုင်ငံတစ်ခုဟုထင်နေပုံရပေသည် မြန်မာပြည်သူများပိုင်ဆိုင်သော ကားများမှာဖြင့် သူတို့နိင်ငံအတွင်းသို့ ၁လက်မလောက်ပင်ဖြတ်ကျော်ခွင့်မရပေ စည်းကမ်းများတင်းကြပ်စွာသတ်မှတ်၍ အရေးယူခံရပေသည် မြန်မာ့အဆီအနှစ်များစုပ်ယူ၍ပင်အားမရပဲ မြန်မာ့ခေါင်းကိုပင်လျှင်နင်းခံနေရပါတကား

တာဝန်ရှိသော လုပ်နိုင်ခွင့်ရှိသော ဥပဒေကိုတတ်သိနားလည်သောပုဂ္ဂိုလ်များခင်ဗျား မြန်မာ့မြေကိုချစ်မြတ်နိုးလျှင် တားဆီးအရေးယူပေးဖို့အချိန်မနှောင်းသေးပါကြောင်း

လူသားလေးမှပေးပိုမှုအားအထူးကျေးဇူးတင်ရှိပါသည်။

Image
Image
Image
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြန်မာ့ သယံဇာတ

Who is online

Users browsing this forum: No registered users and 2 guests

cron