ပျက်ချိန်မတန်သေးသော်လည်း

ပျက်ချိန်မတန်သေးသော်လည်း

Postby acmv » Sun Mar 09, 2014 3:08 pm

ပျက်ချိန်မတန်သေးသော်လည်း
==================
Image

Image

Image


ရှေးဟောင်းဘုန်းကြီးကျောင်းတွေ ဟာရှေးဟောင်းပစ္စည်းရောင်းဝယ်သူ

တွေရဲ့ ပစ်မှတ်တစ်ခုဖြစ်လာတယ်။ အခုလိုရှေးဟောင်းကျောင်းကြီးတွေကို

အခြားနိုင်ငံတွေမှာ နိုင်ငံတော်ကပါဝိုင်းဝန်းထိမ်းသိမ်းသလို နိုင်ငံခြားသား

တွေလာရင် ရှေးလူတွေရဲ့ ဂုဏ်ယူစရာအနုပညာလက်ရာ တစ်ခုအဖြစ်

ပြသတတ်ကြပါတယ်။ အခုလို ရှေးဟောင်းဘုန်းကြိးကျောင်းတွေကို

ယိုးဒယားနိုင်ငံက အလုံးလိုက်ဝယ် အတိုင်းတာမှတ် ဖျက်ကြပြီး သူ့

နိုင်ငံရောက်ရင် အခု ပုံစံအတိုင်းပြန်ပြီးဆောက်ကြတယ်။ တခြားတိုင်း

ပြည်မှာ နှစ်ခုနှစ်ဆယ်သက်တမ်း ရှိတဲ့ပစ္စည်းတွေကို ရှေးဟောင်းပစ္စည်း

အဖြစ်သတ်မှတ်ထိမ်းသိမ်းတတ်ကြပေမဲ့ မြန်မာပြည်မှာတော့ အုပ်ချုပ်သူ

တွေရဲ့ အမြော်မြင်နဲမူနဲ့ နီးစပ်ရာ ပယောဂများကြောင့် အနုပညာလက်ရာ

များနဲ့ ကျောင်းဟောင်းတွေ နှမြောစရာကောင်းအောင် ဆုံးရှုံးကုန်ကြတာ

စိတ်မကောင်းပါဘူး။ ကျွန်းသစ်တိုင် များနဲ့ ဖွဲ့စည်းထားတဲ့ မှန်စီရွှေချ ပြတင်း

ပေါက်တွေကို အခုလိုက်ပြီးမလုပ်နိုင်တော့ပါဘူး။ဟင်္သာပြဒါးအစစ်ရှားပါး

လာသလို ပြတင်းတစ်ပေါက်ကို ရွှေချ ရင်ကုန်ကျမဲ့စရိတ်ကြီမားလှပါတယ်။

ထိမ်းသိမ်းလို့ရသေးပေမဲ့ မထိမ်းသိမ်းဘဲ ကိုယ့်လက်ထက်ကိုယ်ကြိုက်သ

လို စီရင်နေတာတွေဟာ ရှေးယခင်တည်ဆောက်ထိမ်းသိမ်းခဲ့သူများကို

မလေးစားရာရောက်သလို နောင်လာနောက်သားများအတွက် ရှေးဘိုးဘွား

လက်ရာတွေ မမြင်တွေ့လိုက်ရတာကိုလည်း ၀မ်းနည်းမိပါတယ်။ဇင်းကျိုက်

မြို့ ဟောင်း က မင်းကျောင်းခေါ်တဲ့ ရှေးခေတ် ကျောင်းဟောင်းကို လွန်ခဲ့တဲ့

၅လကတည်းက အချိန်တခု မှာ အဖြို ခံရနိုင်လို့ အကူညီတောင်းခဲ့ပေမဲ့

အသိမရှိ စိတ်မ၀င်စားတာလား ဒါမှမဟုတ် မိမိနဲ့မဆိုင် မှတ်ယူကြလို့

အနုပညာလက်ရာများနဲ့ ပေ၆၀×ပေ ၉၀ရှေးဟောင်းဘုန်းကြီးကျောင်း

တစ်ကျောင်းနိုင်ငံခြားသို့ ထွက်သွားခဲ့ပါပြီ။

ပျက်ချိန်တန် ပျက်ရတာဘဲ လို့ နှလုံးသွင်းသင့်တယ်ဆိုရင်လဲ

သဗ္ဗေသတ္တာကမ္မသကာ ပေါ့ ။

( ၆.၃.၂၀၁၄ ) ....မွန်တို့ ဠာနေရာမည
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြန်မာ့ သယံဇာတ

Who is online

Users browsing this forum: No registered users and 2 guests

cron