သယံဇာတတွေ တရုတ်နဲ့ထိုင်း ခိုးလို့ကုန်ပြီဟု ဦးခင်ညွှန့်ပြော .

သယံဇာတတွေ တရုတ်နဲ့ထိုင်း ခိုးလို့ကုန်ပြီဟု ဦးခင်ညွှန့်ပြော .

Postby acmv » Sun Oct 12, 2014 9:41 am

*** ကုန်ပါပြီတော့ ကုန်ပြီပေါ့ ... အားလုံးပြိုကွဲ ... ပျက်စီးဘာမှမရှိတော့ဘူး ... ရာဇဝင်ရိုင်းတယ် ... ရာဇဝင်တကယ်ရိုင်း *** သယံဇာတတွေ တရုတ်နဲ့ထိုင်း ခိုးလို့ကုန်ပြီဟု ဦးခင်ညွှန့်ပြော .....
Image

မြန်မာနိုင်ငံက သယံဇာတများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့က ခိုးထုတ်နေသည်မှာ ကုန်နေပြီဟု ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွှန့်က ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

"သယံဇာတတွေက ခိုးထုတ်နေတာကွ။ တို့ဆီက ကျွန်းသစ်တွေ၊ သစ်တောတွေ အကုန်ပျက်စီးကုန်ပြီး မရှိတော့ဘူး။ နယ်စပ်ကဟာတွေ အကုန်မရှိတော့ဘူး။ ခိုးထုတ်နေတဲ့ဟာတွေမှာ အပေါင်းအသင်းတွေ ဖြစ်နေတာ။ အစိုးရမှာဘက်ဂျက်ရလား၊ မရဘူး။ အခွန်မရဘူး။ အများဆုံးခိုးနေတာက တရုတ်ကလည်း ခိုးနေတယ်။ ထိုင်းကလည်း ခိုးနေတယ်။" ဟု ဦးခင်ညွှန့်က သူ၏ အင်တာဗျူးတွင် ပြောထားသည်။

သံယံဇာတပိုင်းနှင့် ပတ်သက်၍ ပြောကြားသည့် အပြည့်အစုံမှာ .....

"သယံဇာတတွေက ခိုးထုတ်နေတာကွ။ တို့ဆီက ကျွန်းသစ်တွေ၊ သစ်တောတွေ အကုန်ပျက်စီးကုန်ပြီး မရှိတော့ဘူး။ နယ်စပ်ကဟာတွေ အကုန်မရှိတော့ဘူး။ ခိုးထုတ်နေတဲ့ဟာတွေမှာ အပေါင်းအသင်းတွေ ဖြစ်နေတာ။ အစိုးရမှာ ဘက်ဂျက်ရလား၊ မရဘူး။ အခွန်မရဘူး။ အများဆုံးခိုးနေတာက တရုတ်ကလည်း ခိုးနေတယ်။ ထိုင်းကလည်း ခိုးနေတယ်။ ခိုးတာသက်သာတာက အန္ဒိယက နည်းနည်း သက်သာတယ်။ ဘင်္ဂလားဒေ့ရှိကလည်း သက်သာတယ်။ နတ်မြစ်ကြီး ခြားနေတဲ့အတွက်။ နောက်ပြီး သူတို့ဘက်မှာလည်း အဖိုးတန်တဲ့ သယံဇာတတွေ၊ ကျွန်းသစ်တွေ မရှိဘူးကွ။ ကဘော်မှာပဲ ရှိတယ်။ ကဘော်ချိုင့်ဝှမ်း ခဏခဏ ရောက်တာပေါ့။ အဲ့ဒီမှာလည်း ကုန်သလောက်ဖြစ်နေပြီ။ သူကကျွန်းတောနည်းတာကိုး။ များတာကတော့ ထိုင်းဘက်မှာများတယ်။ တရုတ်ဘက်မှာများတယ်။ မရှိတော့ဘူး။ ကုန်သွားပြီ။ ထိုင်းဘက်ကဟာတွေက အဲဒီ့တုန်းက အဲ့ဒီနယ်စပ်တွေ အကုန်ရောက်တယ်။ ကျွန်းတောကြီးတွေ မည်းနေတာပဲ။ ငါအတွင်းရေးမှူး ဖြစ်တဲ့အခါမှာ ဘာမှ မရှိတော့ဘူး"

ရန်ကုန် (မဇ္ဈိမ)
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြန်မာ့ သယံဇာတ

Who is online

Users browsing this forum: No registered users and 1 guest

cron