ပေါက်ဖေါ်ကြီး သတိပြုရန်

ပေါက်ဖေါ်ကြီး သတိပြုရန်

Postby acmv » Sat Feb 07, 2015 8:44 pm

ပေါက်ဖေါ်ကြီး သတိပြုရန်
by Brain Wave • February 6, 2015
Image

chineseတရုတ် နိုင်ငံသည် စီးပွားရေး အရ တဟုန်ထိုး တိုးတက်လာသဖြင့် ယင်း အဆင့်အတန်းနှင့် လျှော်ညီစွာ ကမ္ဘာ့နိုင်ငံများမှ အင်အားကြီးနိုင်ငံတခု အဖြစ် လေးစားလာကြရေးကို အထူးလိုလားလျက် ရှိသည်။ သို့သော် ၎င်းတို့ ကမ္ဘာတ၀ှမ်းတွင် ပြုမူ ကျင့်ကြံနေမှုများက ထိုသို့လေးစားခံရသည့်အဆင့် အတန်းသို့ ရောက်ရှိရန် လွန်စွာဝေးကွာလျက် ရှိသည့်အပြင် ဒေသအတွင်း ဗိုလ်ကျ အနိုင်ယူလိုသည့် အင်အားရှိ နိုင်ငံ အဆင့်တွင်ပင် ရှိနေပေသေးသည်။

ဒေသတွင်း နိုင်ငံများနှင့် ပြဿနာများ မရှိသည့် နိုင်ငံဟူ၍ မရှိသလောက်ထဲတွင် ယခု မြန်မာနိုင်ငံပါ စာရင်းထဲတွင် ပါရှိလာလေသည်။ ယခုအခါ သစ်ခိုးထုတ်မှုဖြင့် အဖမ်းခံနေရသည့် တရုတ် သစ်သူခိုးများကို အကာအကွယ် ပေးရန် ပီကင်း အစိုးရမှ အပြင်းအထန် ဖိအားပေးလာနေကြပေသည်။

လွန်ခဲ့သည့် သီတင်းပါတ်အတွင်းကပင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီးက အမေရိကန် နိုင်ငံထုတ် နယူးရောက်တိုင်းမ် သတင်းစာပါ ဆောင်းပါးကို ပြစ်တင်ဝေဖန်ခဲ့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ယင်းကိစ္စများကို မိမိတို့ နိုင်ငံသားများ ကျူးလွန်ခြင်း မရှိအောင် ဥပဒေများ ပညာပေးမှုများဖြင့် ဆောင်ရွက်လျက် ရှိသည်ဟု ပြောကြားသွားခဲ့ပြီး နောက် ယခုကဲ့သို့ လက်ပူးလက်ကျပ် မိနေသော သစ်ခိုးသမားများကို ၎င်းတို့၏ သြဇာအာဏာ သုံး၍ မောက်မာစွာ ၀င်ရောက် စွက်ဖက်လာမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း နှင့် မိမိတို့ မြန်မာအစိုးရ အနေဖြင့် ယင်းကိစ္စကိုလည်း ပွင့်လင်း မြင်သာစွာဖြင့် တရားဥပဒေ ဘောင်အတွင်းမှ ကိုင်တွယ် ဖြေရှင်းရန် တိုက်တွန်းရေးသားလိုက်ပါသည်။ ယခင်က တရုတ်၏ ဗီတိုအာဏာဖြင့် ကုလသမဂ္ဂတွင် အသက်ရှုခွင့် ရရေးအတွက် တိုင်းပြည်၏ သဘာဝ အရင်းအမြစ်များကို လက်သတ်ထိုး ပေးနေရသည့် ဘ၀ကို နောင်တရသင့်ပေသည်။

တဆက်တည်းတွင် မြန်မာ့သယံဇာတ ပစ္စည်းများကို လွတ်လွတ်လပ်လပ် မိမိနောက်ဖေးခြံထွက် ပစ္စည်းများကဲ့သို့ ထင်သလို ယူနိုင်ရန် နယ်စပ်ဒေသရှိ လက်နက်ကိုင် အဖွဲ့အစည်းများကို မြှောက်ထိုးပင့်ကော် လုပ်ကာ Buffer state (ကြားခံနယ်မြေ) အသွင် ဖန်တီး၍ မြန်မာနိုင်ငံပြည်တွင်ရေးတွင် ၎င်းတို့အလိုကျ က နိုင်ရန် ၀င်ရောက် ချယ်လျယ်နေမှုများကို ရပ်တန်းက ရပ်သင့်ကြောင်း မြန်မာနိုင်ငံသား တဦးအနေဖြင့် တောင်းဆိုလိုက်သည်။

တရုတ် အစိုးရ အနေဖြင့် အမှန်တကယ် ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်မှုကို ဖေါ်ဆောင်လိုပါက အစိုးရခြင်း ဆက်ဆံရေးကို အာရုံထားနေခြင်းမှ လူထုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ပိုမို ပြုလုပ်သင့်လှပေသည်။ မြန်မာနိုင်ငံသည် အနှေး နဲ့ အမြန် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် ရရှိတော့မည် ဖြစ်သည် ဆိုသည့် အချက်ကို မမေ့လျော့သင့်ပေ။ ထို့အပြင် တရုတ်နိုင်ငံမှ မြန်မာ့ သယံဇာတပစ္စည်းများကို ဂုတ်သွေးစုတ် အမြတ်ထုတ်ယူနေခြင်းကိုလည်း မြန်မာပြည်သူများ ဆတ်ဆတ်ခါ နာကြည်းလျက် ရှိနေကြသည်ကိုလည်း မမေ့လျော့သင့်ပေ။ ထို့အတွက် မြန်မာနိုင်ငံအတွင်း ၀င်ရောက်လုပ်ကိုင်လျက်ရှိသော တရုတ်ကုမဏ္ကီနှင့် ၀န်ထမ်းများအားလည်း ဒေသတွင်းရှိ ပြည်သူများ။ ၎င်းတို့၏ ယဉ်ကျေးမှု နှင့် ဓလေ့စရိုက်များကို ပိုမိုလေးစားစွာ ပြုမူဆောင်ရွက်ရန် နှိုးဆော်ခြင်းဖြင့် ပထမ ခြေလှမ်းကို လှမ်းသင့်ပါသည်ဟု တိုက်တွန်းအပ်ပါသည်။
photo: The Economist
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြန်မာ့ သယံဇာတ

Who is online

Users browsing this forum: No registered users and 2 guests

cron